.
ရွာငံ-ပင်းတယလမ်းပေါ်ရှိ
ညောင်ကုန်းနှင့် လက်ပံကြားတွင် ယမန်နေ့ ဇူလိုင်လ ၁၀ ရက်က စစ်ကောင်စီခန့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း လိုက်ပါလာသည့် စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းဖြင့်
တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
.
အဆိုပါလမ်းပိုင်းပေါ်တွင်
ရွာငံမြို့မှ ပြန်လာသည့် ဦးအားကာလင်း လိုက်ပါလာသော ယာဉ် ၇ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို
ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ခန့် သေဆုံးကာ
စစ်ကား ၂ စီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။
.
ထို့အပြင် အခြား ထိခိုက်ဒဏ်ရာရသူများလည်း
ရှိပြီး ၎င်းတို့ကို အောင်ပန်းမြို့ရှိ ကုတင် (၇၀၀) စစ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း
သိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ တိုက်ခိုက်မှုကို
ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့နှင့် ရွာငံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း
လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အန္တရာယ်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း
သိရသည်။
.
#KBZTai #11July2022
.
Link –
.