.
ဒီမော့ဆိုမြို့နယ်၊
စံပြ (၆) မိုင်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က သတ်ဖြတ်ကာ
ရေတွင်ထဲပစ်ချခဲ့သည့် ညီအစ်ကို ၂ ဦး၏ အရိုးများကို Free Burma Ranger က ဆယ်ယူပေးခဲ့ကြောင်း သိရသည်။
.
.အဆိုပါ ညီအစ်ကို ၂
ဦးသည် အခြား ရွာသား ၂ ဦးနှင့်အတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဆန်စပါးနှင့် ဟင်းသီး
ဟင်းရွက်များ ပြန်ယူရန် ရွာသို့ပြန်လာစဉ် စစ်ကောင်စီတပ်နှင့် တွေ့ဆုံ၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကာ
၂ ဦးကို အိမ်သာကျင်းအတွင်းသို့ ပစ်ချပြီး ညီအစ်ကို ၂ ဦးကို ပေ ၄၀ အနက်ရှိ ရေတွင်းထဲသို့
ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပျောက်ဆုံးညီအစ်ကို ၂ ဦးအား ကျေးရွာသားများနှင့် ဒေသကာကွယ်ရေးတပ်များမှ လိုက်လံရှာဖွေရာ ၃ ပတ်အကြာ တွင် ပြန်လည်တွေ့ရှိပြီး ကြိုးစားဆယ်ယူခဲ့သော်လည်း အဝတ်အစားနှင့်အရိုးအချို့ကိုသာ ဆယ်ယူရရှိကာ ကောင်းမွန် စွာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
.
ယင်းနောက် ၅ အကြာတွင်
အရိုးများကို ပြန်လည်ဆယ်ယူပေးရန် အကူအညီတောင်းခံလာသည့်အတွက် KNDF တပ်ရင်း (၉) အကူအညီဖြင့် ရေစုပ်ထုပ်ပြီး
Free Burma Ranger တည်ထောင်သူ Dave Eubank ကိုယ်တိုင် ရေတွင်းထဲဆင်း၍ ဆယ်ယူခဲ့ရာ ကျန်အရိုးစုဖြစ်သော ဦးခေါင်းခွံ ၂ ခုကို
ဆယ်ယူရရှိခဲ့ပြီး မိသားစုထံ အပ်နှံခဲ့ကြောင်း သိရသည်။
.
Free Burma Ranger သည် ကရင်နှင့် ကရင်နီ (ကယား)ပြည်နယ်များတွင် စစ်ဘေးဒုက္ခသည်များကို
အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီပေးနသောအဖွဲ့ဖြစ်ကြောင်း
သိရသည်။
.