စစ်ကောင်စီ၏ ခမရ (၅၉၉) နှင့် ပူးပေါင်းတပ်မှ ကရင်လူငယ် ၂၃ ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ကာ နှိပ်စက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ၏ ခမရ (၅၉၉) နှင့် ပူးပေါင်းတပ်မှ ကရင်လူငယ် ၂၃ ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ကာ နှိပ်စက်

.

ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေတွင် ယမန်နေ့ ဇူလိုင် လ ၁၃ ရက်က စစ်ကောင်စီလက်အောက်ခံ ခမရ (၅၉၉) နှင့် ပူးပေါင်းတပ်များမှ ကရင်လူငယ် ၂၃ ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ကာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း သိရသည်။

.

.

စစ်ကောင်စီတပ်၏ ခမရ (၅၉၉) နှင့် ပူးပေါင်းတပ်များသည် ကျောက်ကြီးမြို့နယ်၊ ဒေါင်းမို့ကျေးရွာအုပ်စုရှိ အလယ်စု ကျေးရွာနှင့် ဝါးပင်စုကျေးရွာသို့ ဝင်ရောက်ပြီး ကျေးရွာပြည်သူလူထုများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်ထားသည်။

.

ထိုသို့ ကျေးရွာပြည်သူလူထုများကို ဖမ်းဆီးသည့်အပြင် ပြည်သူလူထု၏ နေအိမ်သို့ ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းဥစ္စာများကိုလည်း အတင်းအဓမ္မယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဖမ်းဆီးထားသော ကျေးရွာပြည်သူလူထုများတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများကို ပြန်လွတ်ပြီး လူငယ်များကို ဖမ်းဆီးထားကြောင်း သိရသည်။

.

အဆိုပါ ဖမ်းဆီးထားသော ကျေးရွာပြည်သူလူထုများအနက် ကရင်လူမျိုးများကို လက်ပြန်ကြိုးတုတ်ကာ တာလမ်းမပေါ်တွင် တနေကုန် ရိုက်နှက် ညှင်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.


Journal Download

Photo of three cats