.
ကမ္ဘာကျော် အင်းလေးကန်
တည်ရှိရာ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် လောင်းကစားဝိုင်းများ ကာလရှည်ကြာ လုပ်ကိုင်နေခြင်းကြောင်း
ခိုးဆိုးလုနှိုက်မှုများ ပိုမိုများပြားလာပြီး ဒေသခံများ အခက်တွေ့နေရကြောင်း သိရသည်။
.
.အင်းလေးဒေသ၊ မင်းချောင်းကျေးရွာတွင်
ယင်းကဲ့သို့ လောင်းကစားဝိုင်းများ ပြုလုပ်နေသည်မှာ ၄ လခန့် ကြာမြင့်နေပြီ ဖြစ်ပြီး
လိုင်းကြေးပေးထားသည့်အတွက် စစ်ကောင်စီရဲများက ဖမ်းဆီးခြင်းမရှိကြောင်း ဒေသခံတစ်ဦးက
ပြောသည်။
.
“စီးပွားရေး ကြပ်တည်းချိန်ဆိုတော့
ခိုးဆိုးလုယက်တွေလည်း များနေပါပြီ။ သက်ဆိုင်ရာသိအောင် တင်ပြပေးစေချင် ပါတယ်။ ဂုံးဂင်းဝိုင်းလည်း
ရှိပါတယ်။ ကားလမ်းဘေးတင်ပါပဲ” ဟု ၎င်းက ပြောသည်။
.
ညောင်ရွှေမြို့နယ်၊
အင်းလေးကန်ဒေသသည် မြန်မာနိုင်ငံတွင်မက ကမ္ဘာကျော် ထင်ရှားပြီး နှစ်စဉ် နိုင်ငံခြား
ခရီးသွား ဧည့်သည်များ အများဆုံး လာရောက်တတ်သည့် နေရာတစ်ခုဖြစ်ကာ ယခုကဲ့သို့ ခိုးဆိုးလုနှိုက်မှုများကြောင့်
အရှက်ရ စရာ ဖြစ်လာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ
မြို့နယ်ဒေသအသီးသီးတွင် လောင်းကစားဝိုင်းအမျိုးမျိုးကို ဆက်ကြေး (လိုင်းကြေး)ငွေ
ရယူ၍ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက ဖွင့်လှစ်ခွင့် ပြုနေခြင်းဖြစ်ပြီး
ယင်းကဲ့သို့ လောင်းကစားဝိုင်းများ ဖွင့်လှစ်ခြင်းကြောင့် ခိုးမှု၊ လုယက်မှု
အပါအဝင် ဒုစရိုက်မှုများ ပိုမိုဖြစ်ပွားလာနေကြောင်း ဒေသခံများထံက သိရသည်။
.
#KBZTai #8July2022
.
Link –
.