ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်းမှ (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်းမှ (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်

.

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်းမှ ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သော (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကို နယ်မြေအကြပ်အတည်းကြားမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင် ၉ ဦးနှင့်တကွ ခေတ်အဆက်ဆက် ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများအား အလေးနီပြုခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ အခမ်းအနားသို့ မုံရွာလူငယ်များအစည်းအရုံးမှ အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့ကြောင်း ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats