အလွတ်တန်းသတင်းထောက် မောင်မောင်မျိုးကို စစ်ကောင်စီက ထောင် ၆ နှစ်ချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အလွတ်တန်းသတင်းထောက် မောင်မောင်မျိုးကို စစ်ကောင်စီက ထောင် ၆ နှစ်ချ

.

အလွတ်တန်းသတင်းထောက် မောင်မောင်မျိုးအား ဘားအံမြို့နယ်တရားရုံးက ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၆ နှစ် ကျခံရန် ယမန်နေ့ ဇူလိုင်လ ၂၉ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

.

.

စစ်ကောင်စီက မြဝတီမြို့မှ မန္တလေးမြို့သို့ သွားသည့် ခရီးသည်တင် ယာဉ်တစ်စီးအား မေလ ၁၀ ရက်၊ ညနေ ၆ နာရီခန့်က သံလွင်တံတားတွင် စစ်ဆေးစဉ် ကိုမောင်မောင်မျိုး၏ လက်ကိုင်ဖုန်းအတွင်းရှိ Facebook အကောင့်တွင် မျှဝေထားသည့် သတင်းများကို တွေ့ရှိရာမှ ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

.

ယင်းသို့ ဖမ်းဆီးပြီးနောက် ၂ လကျော်အကြာတွင် ဘားအံမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ နှစ်ကျခံရန် ယမန်နေ့ ဇူလိုင်လ ၂၉ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

.

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား အယောက် ၁၆၀ ကျော်ကို ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်း ထုတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ယင်းအနက် သတင်းသမား ၅၀ ကျော်သည် အကျဉ်းထောင်များတွင် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ကာ သတင်းမီဒီယာ ၁၁ ခုသည် အာဏာသိမ်း စစ်ကောင်စီ၏ လိုင်စင် ပိတ်သိမ်းခြင်းကို ခံခဲ့ရပြီး သတင်းသမား ၃ ယောက်သည်လည်း စစ်မြေပြင်နှင့် စစ်ကြောရေးတွင် ကျဆုံးခဲ့ရသည်။

.

Journal Download

Photo of three cats