မော်လမြိုင်တွင် စာသင်ကျောင်း အုတ်တံတိုင်း ပြိုကျမှုကြောင့် လူ ၅ ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မော်လမြိုင်တွင် စာသင်ကျောင်း အုတ်တံတိုင်း ပြိုကျမှုကြောင့် လူ ၅ ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

.

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ မာလာဝင်း၊ တောင်ရိုးတန်းလမ်းရှိ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၏ အုတ်တံတိုင်းသည် ယနေ့ ဇူလိုင်လ ၂၂ ရက်၊ နံနက်ပိုင်းက ပြိုကျမှုဖြစ်ပွားခဲ့ပြီး ၅ ဦး သေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

အဆိုပါကျောင်း၏ အနောက်ဘက်ရှိ အုတ်တံတိုင်းသည် ဇူလိုင်လ ၂၂ ရက်၊ နံနက် ၉ နာရီခွဲဝန်းကျင်ခန့်က ပြိုကျခဲ့ခြင်း ဖြစ်ပြီး အုတ်တံတိုင်းအနီးရှိ ဈေးဆိုင်ဆိုင်တန်းပေါ်သို့ ပိမိခဲ့ကာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး တစ်ဦးကို အသက်ရှင်လက်ကယ်ဆယ်နိုင်ခဲ့ကာ ပြင်းထန်ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

.

အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားရာသို့  မီးသတ်တပ်ဖွဲ့ နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats