.
ယနေ့ ဇူလိုင်လ ၁၉ ရက်တွင်
ကျရောက်သော (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော မြန်မာနိုင်ငံ၏
အာဇာနည်သူရဲကောင်းများအားလုံးကို အောက်မေ့ခြင်းများစွာဖြင့် ဂါဝရပြု ဦးညွတ်ကြောင်း
အောင်ပန်းမြို့ပြ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
.
.ထိုအတူ
အောင်ပန်းမြို့မှ စစ်အာဏာရှင်၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ရသော အပြစ်မဲ့ပြည်သူများ၊
တပ်ဖွဲ့မှ ကျဆုံးခဲ့သော လူငယ်များနှင့်တကွ နိုင်ငံတစ်ဝန်းမှ
ကျဆုံးတော်လှန်ရဲဘော်ရဲဘက် များအားလုံးကိုလည်း လွမ်းဆွတ် တသစွာဖြင့် အလေးပြုကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
စစ်အာဏာရှင်တိုက်ဖျက်ရေးကာလအတွင်းကျဆုံးခဲ့ရသော
နိုင်ငံအရပ်ရပ်မှ ရဲဘော်ညီအကိုများ အတွက် ဒီမိုကရေစီ ရရှိသည်အထိ တော်လှန်ရေးကို
ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူကာကွယ်ရေး တပ်မတော်၏
သစ္စာအဓိဋ္ဌာန် (၄) ချက်နှင့်အညီ အရိုးကြေကြေ၊ အရည်ခမ်းခမ်း
တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အောင်ပန်းမြို့ပြ ပြောက်ကျားအဖွဲ့က ဆိုသည်။
.