မိုးတွင်းကာလ ရောက်လာသော်လည်း တောင်ကြီးမြို့ပေါ်တွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီး ပျက်သည့်အချိန် များလာကြောင်း သိရသည်။
.
မီးဖိုချောင်သုံး Gas နှင့် မီးသွေးများ စျေးတက်နေသည့် အချိန်တွင် လျှပ်စစ်မီးပျက်သည့် အချိန်ပါများလာခြင်း ဖြစ်သည်။
.
" အခုရက်ပိုင်း မီးက နေ့တိုင်းလိုလိုကို ပျက်လာတာပေါ့။ Gas နဲ့ မီးသွေးတွေ စျေး တအား တက်နေတော့ လျှပ်စစ်မီးနဲ့ပဲ ချက်ပြုတ်နေရတာ။ မီးပျက်တာ များလာတော့ ထမင်းဟင်းချက်တဲ့ အချိန်တော်တော် ဒုက္ခရောက်တယ်။ " ဟု အိမ်ရှင်မ တစ်ဦးက ပြောသည်။
.
ထို့အတူ ဓါတ်အား အသုံးပြုခ (မီတာခ) မဆောင်သည့် နေအိမ်များကိုလည်း ဓါတ်အား ဖြတ်တောက်သည်မှာ ပိုမို ပြုလုပ်လာကြောင်းလည်း သိရသည်။
.
" မီးက တစ်ခါ ပျက်ရင် အနည်းဆုံး ၆ နာရီလောက် ကြာတယ်။ မီတာ မဆောင်တဲ့ အိမ်တွေလည်း မီး လိုက်ဖျက်နေတာ။ ကြမ်းချင်သလိုကို ကြမ်းနေတာ။ " ဟု တောင်ကြီး ဒေသခံ တစ်ဦးက ပြောသည်။
.
ပြီးခဲ့သည့် ယနေ့ ဇူလိုင်လ ၇ ရက်တွင် တောင်ကြီးခရိုင်အတွင်းရှိ မြို့များ၌ အရေးပေါ်အခြေအနေမှ လွဲ၍ အချိန်ပြည့် ဓါတ်အားပေးသွားမည်ဖြစ်ကြောင်း ESE Taunggyi က လူမှုကွန်ရက်စာမျက်နှာ (Facebook Account) မှ တစ်ဆင့် ကြွားလုံးထုတ် ကြေညာထားသည်။