ကျောက်ကြီးမြို့နယ်၌ စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်ကြီးမြို့နယ်၌ စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရ

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU က ယနေ့ ဇူလိုင်လ ၃၀ ရက်တွင် ထုတ်ပြန်သည်။

.


စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၉ ရက်၊ နံနက် ၉ နာရီကျော်ခန့်တွင် ကျောက်ကြီးမြို့နယ် အတွင်းရှိ သောတူဒေး၊ ကွီးဒိုကယ်ခို၊ ခလယ်ကွီးကယ်ခို နေရာများသို့ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၃ ကြိမ် လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး အသက်အန္တရာယ် မစိုးရိမ်ရသည့်ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်သည် လေယာဉ်များဖြင်ဘ ထပ်မံ ထောက်လှမ်းခြင်းများ ပြုလုပ်ခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats