.
တောင်ကြီးမြို့ပေါ်ရှိ
ရပ်ကွက်အချို့တွင် မနက်ဖြန် ဇူလိုင်လ ၃၁ ရက်၌ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေမည် ဖြစ်ကြောင်း
တောင်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးက ယနေ့ ထုတ်ပြန်ထားသည်။
.
.တောင်ကြီးမြို့၊
အမှတ် (၁) ဓါတ်အားခွဲရုံအတွင်းရှိ 11kV Pannel အဟောင်းများအစား Pannel အသစ်များဖြင့် အသစ်လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့်
ဇူလိုင်လ ၃၁ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဓါတ်အားပိတ်လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါလုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း
စ၀်စံထွန်းဆေးရုံ၊ စ၀်စံထွန်းရပ်ကွက်၊ မင်္ဂလာဦးရပ်ကွက်၊ ရေအေးကွင်းရပ်ကွက် နေရာအချို့၊
နားယောင်းကျေးရွာအုပ်စု၊ မင်္ဂလာကျေးရွာအုပ်စု၊ ရပခ၊ ရတနာသီရိရပ်ကွက် နေရာများ
ဓါတ်အားယာယီပြတ်တောက်နေမည်ဖြစ်ပါကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက ထုတ်ပြန်
ထားသည်။
.
“ကြေညာလည်းဖြတ်၊ မကြေညာလည်း
ဖြတ်နေတာပါပဲ။ ဒီနေ့လို ဆိုရင်လည်း တစ်နေကုန်နီးပါး မီးပြတ်နေတယ်။ အခုရက်ပိုင်းအတွင်းမှာ
မီးပြတ်တာ ခဏခဏပါပဲ။ ချက်ပြုတ်တဲ့အချိန်ဆိုရင် တော်တော်ကို ဒုက္ခရောက်ပါတယ်” ဟု ဒေသခံတစ်ဦးက
ပြောသည်။
.
တောင်ကြီးမြို့နယ်
လျှပ်စစ်အင်ဂျင်နီယာရုံး၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော ESE Taunggyi တွင် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်က တောင်ကြီးခရိုင်အတွင်းရှိ
မြို့များ၌ အရေးပေါ်အခြေအနေမှ လွဲ၍ အချိန်ပြည့် ဓါတ်အားပေး သွားမည်ဖြစ်ကြောင်း ကြွားလုံးထုတ်
ကြေညာထားသော်လည်း ယခုရက်ပိုင်းအတွင်း တောင်ကြီးမြို့ပေါ် ရပ်ကွက်များ တွင် ဓါတ်အားပြတ်တောက်မှု
နေ့စဉ်လို ကြုံတွေ့နေရခြင်းဖြစ်သည်။
.