ဖရူဆိုတွင် လက်နက်ကြီး ထုတ်လုပ်ရန်အတွက် မိုင်တဲလ်တာဝါတိုင်ကို ဖြိုလဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖရူဆိုတွင် လက်နက်ကြီး ထုတ်လုပ်ရန်အတွက် မိုင်တဲလ်တာဝါတိုင်ကို ဖြိုလဲ

.

ကရင်နီ (ကယားပြည်နယ်) ဖရူဆိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် တာဝေးပစ် လက်နက်ကြီး ထုတ်လုပ်ရန် ဖရူဆိုမြို့ရှိ မိုင်တဲတာဝါတိုင်ကို ယနေ့ ဇူလိုင် ၁၆ ရက်တွင် ဖြိုလဲခဲ့ကြောင်း ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပ.က.ဖ)၊ နေပြည်တော်က ထုတ်ပြန်ထားသည်။

.

.

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပိုင်ဆိုင်သော ဖရူဆိုမြို့ရှိ မိုင်တဲတာဝါတိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)-နေပြည်တော် စစ်ရေးတာဝန်ခံ ဗိုလ်တေဇနှင့် ရဲဘော်များမှ ကရင်နီတပ်ပေါင်းစု KRU/KNDF တို့ ပူးပေါင်း၍ ဖြိုလဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

.

ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂)အတွက် နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က (၈၁) မမ တာဝေးပစ် လက်နက်ကြီးနှင့် ဗုံးဆံအမြောက်အများ ထုတ်လုပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

.

#KBZTai #16July2022

.

Link –

.

Journal Download

Photo of three cats