.
မူဆယ်ခရိုင်၊
ကြူကုတ် (ပန်ဆိုင်း) မြို့၊ မုံးပေါ်တွင် ယမန်နေ့ ဇူလိုင် ၁၆ ရက်က လက်နက်
ပေါက်ကွဲ၍ ကလေးငယ်တစ်ဦး ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
.
.ပေါက်ကွဲခဲ့သော လက်နက်သည်
စစ်ပွဲဖြစ်ပွားစဉ်က ကျန်ရှိခြင်း ဖြစ်နိုင်ပြီး တိတိကျကျ မသိရှိရသေးကြောင်း ဒေသခံ တစ်ဦးထံက
သိရသည်။
.
သေဆုံးသူ ကလေးသည်
အသက် ၁၀ နှစ်ကျော်ဝန်းကျင်ရှိပြီး အငှား ကျွဲကျောင်းသားအဖြစ် လုပ်ကိုင်နေသူ
ဖြစ်ကြောင်း သိရသည်။
.
မုံးပေါ်တိုက်နယ်
အတွင်းတွင် စစ်ကောင်စီတပ်များ အပြင် ကိုးကန့်တပ်မတော် (MNDAA)၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)
၊ တအာင်း (ပလောင်) အမျိုးသား
လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ လှုပ်ရှားနေကြောင်း သိရသည်။
.
#KBZTai #17July2022
.
Link –
.