.
ဒီးမော့ဆို၊ ဖရူဆိုနှင့်
ဖယ်ခုံမြို့နယ်များတွင် ဇူလိုင်လ တတိယပတ် တစ်ပတ်အတွင်း စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း
စစ်ကောင်စီဘက်မှ ၂၃ ဦး သေဆုံးကြောင်း KNDF က ယမန်နေ့ ဇူလိုင်လ
၂၂ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
.
.
ဇူလိုင်လတတိယပတ်အတွင်း
စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်တွင် အင်အားဖြည့်တင်းလျက်ရှိကာ ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်များတွင်လည်း
စစ်ကောင်စီတပ်မှ မြို့အတွင်း ခြေကုပ်ယူရန် ကြိုးစားလာသဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
ဖရူဆိုမြို့နယ်အခြေစိုက်
အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းမှ ဒေါ်လောခူကျေးရွာဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်သား
၄ ဦးအား ဇူလိုင်လ ၁၆ ရက်က KNDF-B15 နှင့် ကရင်နီတပ်မတော်
(KA) တို့မှတိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး လက်နက်ငယ် ၁ လက်
သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဒီးမော့ဆိုမြို့နယ်တွင်လည်း
ဇူလိုင်လ ၁၆ ရက်၊ ညနေပိုင်းက အူးခူရီးကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်များကို
KNDF-B01, B05 နှင့် ကရင်နီတပ်မတော်
(KA) တို့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် တိုက်ပွဲ
ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အတူ ဒီးမော့ဆိုမြို့နယ်၊
သေးဆူလဲကျေးရွာအတွင်း တပ်စွဲနေသော စစ်ကောင်စီတပ်များကို ဇူလိုင်လ ၁၈ ရက်က KNDF-B05 နှင့် B-06 တို့မှ ရှောင်တခင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ယင်းနေ့ ညနေပိုင်းတွင်ပင်
မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ရင်းအား ကရင်နီတပ်မတော် (KA)၊ KNDF-B03 နှင့်
B-11 တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အတူ အကြမ်းဖက်စစ်ကောင်စီတပ်မှ မိုးဗြဲမြို့၊
ပွဲကုန်းသုံးရပ်ကွက်အတွင်းရှိ ကက်သလစ်ဘုရားကျောင်းအတွင်း ဝင်ရောက်တပ်စွဲကာ၊
ရဟန်း၊သီလရှင်များနှင့် ဘာသာဝင်များ၊ ကလေးသူငယ်များကို ဓါးစာခံ၊ လူသားဒိုင်းအဖြစ်
ဖမ်းဆီးထားခဲ့သဖြင့် ထိုကြောင့် ယင်းနေ့တွင်ပင် ကရင်နီတပ်မတော် (KA)၊ Phekhon PDF၊ Moebye PDF နှင့် အတူ KNDF B03 နှင့်
B011 တို့မှ ပူးပေါင်း၍
ဘုရားကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များကို သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား
၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ဖယ်ခုံအရှေ့ဘက်ခြမ်း၊
စစ်ကောင်စီတပ်၏ လဟယ်ကုန်းစခန်းအား ဇူလိုင်လ ၂၁ ရက်တွင် Phekhon PDF၊ KNDF
B03၊B02 နှင့် B11 တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ၊ စစ်ကောင်စီတပ်မှ ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ဝါရီဆူပလှိုင်ကျေးရွာအနီးတွင်လည်း
KNDF-B03 မှ တိုက်ခိုက်ခြင်းကြောင့်
စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်များသည်
တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒီးမော့ဆိုမြို့နယ်ကျေးရွာများအတွင်း
လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်သည့်အပြင် မိုးဗြဲနှင့်
ဖယ်ခုံတို့တွင်လည်း စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့်
ပြည်သူများထိခိုက်ဒဏ်ရာရမှုများရှိခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်း KNDF သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
.
[ Source/Photo | KNDF ]
.