တောင်ကြီးတွင် ယာဥ်တိုက်မှု ဖြစ်၍ အမျိုး သားတစ်ဦး ထိခိုက်ဒဏ်ရာ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ယာဥ်တိုက်မှု ဖြစ်၍ အမျိုး သားတစ်ဦး ထိခိုက်ဒဏ်ရာ ရ


တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံမီးပွိုင့်၌ ယမန်နေ့ ည ၇ နာရီခန့်က ယာဥ်တိုက်မှု ဖြစ်ပွားခဲဲ့ပြီး ဆိုင်ကယ် မောင်းနှင်သူ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

အနောက်မြို့ပတ်လမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ဂနိုင်ကန်လမ်းဘက်မှ ဖြတ်တက်လာသည့် မော်တော်ယာဥ်တို့ တိုက်မိခြင်း ဖြစ်ကာ ထိခိုက် ‌ဒဏ်ရာရသူ ဆိုင်ကယ် ယာဉ်မောင်း အမျိုးသားကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

.

" ဆိုင်ကယ်က တောင်ဘက်က မောင်းလာတာ။ ရှေ့မီး မလင်းတော့ ကားကလည်း မမြင်ဘဲ ဖြတ်တက်လိုက်တော့ တိုက်မိသွားတာ။ ထိတာတော့ တော်တော်ပြင်းတယ်။ ဦးထုပ်လည်း မပါတော့ ခေါင်းထိသွားတာ။ ရင်ဘတ်မှာလည်း ၃ လက်မလောက် ပြတ်ရှ ဒဏ်ရာမျိုး တွေ့ရတယ်။" ဟု မျက်မြင် တွေ့သူ တစ်ဦးက ပြောသည်။

.

အဆိုပါ ဝါးပြား လမ်းဆုံတွင် ယာဥ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်တတ်ပြီး မီးပွိုင့် ရှိသော်လည်း အချက်ပြမီး မလာသည့်အတွက် ယာဥ်တိုက်မှုများနေ့စဥ်လို ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Journal Download

Photo of three cats