.
မြို့တော်တောင်ကြီးတွင်
ဝါတွင်းကာလဖြစ်သော်လည်း အိမ်ခန်းနှင့် ဆိုင်ခန်းငှားရမ်းခများ ဈေးနှုန်းမြင့်တက်နေဆဲ
ဖြစ်ကြောင်း သိရသည်။
.
.ဝါတွင်းကာလဖြစ်သော်လည်း
ပြောင်းရွေ့ရန် အမှန်တကယ်လိုအပ်သူများ အနေဖြင့် ဆိုင်ခန်းနှင့် အိမ်ခန်းငှားရမ်းခများ
ဈေးတက်နေသည့်အတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
.
“တောင်ကြီးမှာက ဆိုင်ခန်းဖြစ်ဖြစ်၊
အိမ်ဖြစ်ဖြစ် ငှားချင်ရင်မလွယ်ဘူး။ အဓိက ကတော့ ဈေးနှုန်း မတတ်နိုင်ကြ တာပေါ့။ ဝါတွင်းဆိုပေမဲ့
တကယ်ပြောင်းဖို့ လိုအပ်လာရင်တော့ ပြောင်းရမှာပဲလေ” ဟု နေအိမ် ပြောင်းရွေ့ရန် လိုအပ်နေသူတစ်ဦးက
ပြောသည်။
.
တောင်ကြီးမြို့တွင်း
လမ်းသာသည့်နေရာများ၌ ဆိုင်ခန်းငှားရမ်းခ ဈေးနှုန်းများမှာ ၂၅၀၀၀၀ ကျပ်မှ ၃၀၀၀၀၀
ဝန်းကျင် ရှိပြီး အချက်အချာကျသည့် နေရာများတွင် ဈေးနှုန်းပိုများကြောင်း သိရသည်။
.
“အိမ်ခန်းငှားရမ်းခတွေက
နေရာနဲ့ အိမ်ပေါ်မူတည်ပြီး ဈေးနှုန်းအစားစားရှိတာပေါ့။ ပုံမှန် နေလို့အဆင်ပြေရုံ ဆိုရင်
၅၀၀၀၀ လောက်ရှိတယ်။ မိသားစုများပြီး အိမ်ကောင်းကောင်းနေချင်တဲ့ လူတွေက ၂၀၀၀၀၀-၃၀၀၀၀၀
ပေးပြီးငှားကြ တာပေါ့။ ခေတ်ကာလအခြေအနေအရ ဈေးနှုန်းနည်းနည်းပါးပါးတော့ တက်တာ
တွေရှိပါတယ်” ဟု အိမ်ခြံမြေ ရောင်းဝယ်ငှား အကျိုးဆောင်တစ်ဦးက ပြောသည်။
.
နေအိမ်ခန်းဆိုင်ခန်း
ငှားရမ်းခများ ဈေးတက်နေသည့်အတွက် အိမ်ပိုင်မရှိသူများအနေဖြင့် အခက်အခဲ ဖြစ်ပေါ်နေကြောင်းနှင့်
အိမ်ငှားခ မတတ်နိင်သူများ အနေဖြင့်အိမ်ရှင်များအား တောင်းပန်နေထိုင်နေရကြောင်း သိရသည်။
.