.
မိုင်းရှူးမြို့နယ်တွင်
ယမန်နေ့ ဇူလိုင်လ ၁၈ ရက်က အရပ်သား မောင်းနှင်လာသည့်ကားကို စစ်ကောင်စီတပ်မှ သေနတ်ဖြင့်
ပစ်ခတ်သဖြင့် ကားပေါ်လိုက်ပါလာသည့် မိသားစု ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.မိုင်းရှူးမြို့နယ်၊
တောင်ဟျိုးကျေးရွာနေ စိုင်းသီဟ မောင်းနှင်ပြီး ဇနီးဖြစ်သူ နန်းဆိုင်လူနှင့် အသက် ၃
နှစ်အရွယ် သားဖြစ်သူတို့ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်ကို ဇူလိုင်လ ၁၈ ရက်၊ ည
၇ နာရီဝန်းကျင်က မိုင်းရှူးမြို့မှ တောင်ဟျိုးကျေးရွာ အပြန်လမ်းတွင် စစ်ကောင်စီတပ်များက
သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပစ်ခတ်မှုကြောင့်
နန်းဆိုင်လူနှင့် အသက် ၃ နှစ်အရွယ်ရှိ ကလေးငယ်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး
ယာဉ်မောင်းနှင်သူ စိုင်းသီဟမှာ မိုင်းရှူးဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
သေဆုံးသူ နန်းဆိုင်လူနှင့်
ကလေးငယ်တို့ကို ယမန်နေ့ ဇူလိုင်လ ၁၈ ရက်က မြေမြှုပ်သင်္ဂြိုဟ်ခဲံပြီး စိုင်းသီဟ၏ ရုပ်အလောင်းကို
ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်ဖွဲ့၏
လုပ်ရပ်များသည် အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုး အနိုင်အထက်ပြုလုပ်သည့်အပြင် မည်သည့်တာဝန်ယူမှုမျှ
မရှိကြောင်း မိုင်းရှူးဒေသခံများက ပြောဆိုကြသည်။
.
ပြီးခဲ့သည့်
ဇန်နဝါရီလ ၂၉ ရက်ကလည်း စစ်ကောင်စီတပ်မှ မိုင်းရှူးဒေသခံ အမျိုးသား လူငယ်တစ်ဦးကို
ကားဖြင့်တိုက်ကာ သေဆုံးသွားခဲ့ရပြီး လက်ရှိ အချိန်ထိ မည်သည့် တာဝန်ယူမှု
တာဝန်ခံမှုမှ မရှိသေးကြောင်း သိရသည်။
.
#KBZTai #19July2022
.
Link –
.