တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံအနီးတွင် ရုပ်အလောင်း ၂ လောင်း တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံအနီးတွင် ရုပ်အလောင်း ၂ လောင်း တွေ့ရှိ

.

တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံအနီးတွင် ယမန်နေ့ ဇူလိုင်လ ၁၀ ရက်၊ နံနက်ပိုင်းက အသတ်ခံထားရသည့် လူသေ အလောင်း ၂ လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

.

.

အဆိုပါ ရုပ်အလောင်း ၂ ခုသည် မည်သည်မည်ဝါ ဖြစ်သည်ကို မသိရဘဲ လည်ပင်းပြတ်ရှ၊ ဖူးယောင်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“မနေ့မနက်ပိုင်းက အလောင်း ၂ လောင်း တွေ့တယ်ဆိုတာ ဟုတ်ပါတယ်။ သွားကြည့်လို့မရတော့ ဘာမှတော့ မသိရ ပါဘူး။ သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ) က ပိတ်ပြီး သယ်သွားတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

.

သေဆုံးမှုနှင့် ပတ်သက်၍ အချို့က အမှိုက်ကောက်သမားအချင်းချင်း ရန်ဖြစ်ရာမှ သေဆုံးခြင်းဖြစ်နိုင်သည်ဟု ပြောဆို မှုများ ရှိနေသလို ဇူလိုင်လ ၇ ရက်က ပျောက်ဆုံးနေသည့် တော်လှန်‌ရေးနှင့် ဆက်စပ်သော လူငယ် ၂ ဦးလည်းဖြစ်နိုင် ကြောင်း ပြောဆိုမှုများ ရှိနေပြီး အသေးစိတ် အတည်ပြုနိုင်ခြင်း မရှိသေးချေ။

.

သေဆုံးသူများ၏ ရုပ်အလောင်းများကို ယင်းနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လာရောက်သယ်ဆောင် သွားခဲ့ကြောင်း သိရသည်။

.

#KBZTai  #11July2022

.

Link –

.

Journal Download

Photo of three cats