.
စစ်ကောင်စီ၏ စေခိုင်းချက်အရ
မြို့တော်တောင်ကြီးရှိ ရုပ်ရှင်ရုံများအား ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်မှ စတင်၍ ဖွင့်လှစ်
ပြသခဲ့ရာ လက်ရှိတွင် ၃ လကျော်ကာလ ကြာမြင့်လာပြီဖြစ်သော်လည်း လာရောက်ကြည့်ရှုသူ မရှိသလောက်
နည်းပါး နေဆဲဖြစ်ကြောင်း သိရသည်။
.
.ယင်းကဲ့သို့ လာရောက်ကြည့်ရှုသူ
မရှိသလောက် ဖြစ်နေသည့်အတွက် ရုပ်ရှင်ရုံများအနေဖြင့် ဆက်လက်ရပ်တည်ရန် ခက်ခဲနေကြောင်း
သိရသည်။
.
“မြင်ရသလောက်ကတော့
ရုပ်ရှင်လာကြည့်တဲ့သူကို မရှိတာပေါ့။ သူတို့လည်း ဖွင့်ဆိုလို့သာ ဖွင့်လိုက်ရတဲ့ သဘောမျိုး။
ဒီလိုအချိန်မှာ ဘယ်သူမှလည်း ရုပ်ရှင်ကြည့်ချင်မှာ မဟုတ်ဘူးလေ” ဟု ရုပ်ရှင်ရုံအသိုင်းအဝိုင်းနှင့်
နီးစပ်သူတစ်ဦးက ပြောသည်။
.
COVID-19 ကပ်ရောဂါ
မဖြစ်ပွားမီက ရုပ်ရှင်ကား ရုံတင်လျှင် ပွဲစဉ်တိုင်း လူပြည့် ကြည့်ရှုသူ များပြားခဲ့သော်လည်း
စစ်ကောင်စီလက်ထက် ရုပ်ရှင်ရုံများကို အတင်းအကြပ် ပြန်လည်ဖွင့်လှစ်ပြသခိုင်းပြီးနောက်
ပရိသတ် ဝင်ရောက်ခြင်း မရှိတော့ကြောင်း သိရသည်။
.
“ရုပ်ရှင်ရုံဆိုတာက
လူငယ်တွေပဲ ကြည့်ကြတာလေ။ ဒီတော်လှန်ရေး ကာလအတွင်းမှာတော့ ဘယ်လူငယ်မှ ရုပ်ရှင် ကြည့်မှာမဟုတ်ဘူး။
ဒီကာလကြီး ပြီးသွားတဲ့တစ်နေ့ သူငယ်ချင်းတွေ အေးအေးချမ်းချမ်း ပြန်ဆုံတဲ့နေကြမှပဲ ရုပ်ရှင်
ပြန်ကြည့်တော့မယ်” ဟု CDM ကျောင်းသူတစ်ဦးက ပြောသည်။
.