.
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နယ်ရှိ
ကျေးရွာများတွင် ဇွန်လ ၂၉ ရက်က စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်
အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.မင်းတပ်မြို့၊ ခလရ
(၂၇၄) တပ်မှ မင်းတပ်မြို့၊ မဒပ် (၄) အုပ်စု၊ မဒပ်ကျေးရွာ၊ လေလှိုင်းအုပ်စုရှိ ကြာလေလှိုင်း
ကျေးရွာနှင့် ကြန်းအိမ်နူးကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ
မဒပ်ကျေးရွာမှ ကျောင်းနေ အရွယ် အသက် ၁၄ နှစ် ကလေးတစ်ဦး လက်နက်ကြီး နှလုံးတည့်တည့် ထိမှန်ပြီး
မိနစ်ပိုင်းအတွင်း သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသွားသော
ကလေးငယ်သည် ယခင် စစ်ကောင်စီမှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ခြေတစ် ဖက် ဆုံးရှုံးထားသည့်
ကလေး၏ အစ်ကိုလည်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယင်းကဲ့သို့
စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကြာလေလှိုင်းအုပ်စု၊
ကြန်အိမ်နူးရွာတွင် စတိုအိမ်တစ်လုံးနှင့် အိမ်မွေးဝက်တစ်ကောင်
မီးလောင်ပျက်စီးပြီး၊ ကြာလေလှိုင်းကျေးရွာတွင် လူနေအိမ် ၂ လုံး ထိခိုက် ပျက်စီးခဲ့ရကြောင်း
CDF-Mindat (သတင်းနှင့်ပြန်ကြားရေးဌာန)
က ထုတ်ပြန်ထားသည်။
.
[ Source/Photo | CDF – Mindat ]
.