အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခံထားရသည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်သည် ရွေးကောက်ပွဲ၌ မလျော်ဩဇာ သုံး၍ အနိုင်အထက် ပြုကျင့်ခဲ့သည်ဟု ဆိုကာ ပုဒ်မ-၁၃၀(က) ဖြင့် ဇူလိုင်လ ၂၆ ရက်တွင် အမှု ထပ်မံ ဖွင့်လှစ်ခံထားရကြောင်း သိရသည်။
.
ဒေါက်တာ လင်းထွဋ် သည် စစ်တပ်အာဏာ သိမ်းယူခဲ့သည့်နေ့တွင် ပထမအကြိမ် ဖမ်းဆီးခံရကာ ပြန်လွတ်လာသော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဒုတိယအကြိမ် ပြန် အဖမ်းခံရ၍ စစ်ကောင်စီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရပြီး အမှု ၄ မှုအတွက် ထောင်ဒဏ် ၄ နှစ်စီဖြင့် စုစုပေါင်း ၁၆ နှစ် ကျခံခဲ့ရခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ် ဝန်ကြီးချုပ်သည် အနေ အေး၍ လုပ်ဆောင်မှု နည်းပါးမှုကြောင့် ပြည်သူများ၏ ဝေဖန်မှုအချို့ကို ခံခဲ့ရသော်လည်း ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် လူထုထောက်ခံ ဆန္ဒမဲဖြင့် NLD ပါတီ ကိုယ်စားပြု၍ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်သည်။