.
ရှမ်းပြည်နယ်မြို့တော်
တောင်ကြီးမြို့တွင် ပစ္စည်းခိုးယူမှုများအပြင် လုယက်မှုများပါ မကြာခဏ ဖြစ်ပွားနေကြောင်း
ဒေသခံများထံက သိရသည်။
.
.တောင်ကြီးမြို့၊
ရေအေးကွင်းရပ်ကွက်တွင် ယနေ့ (ဇူလိုင် ၇ ရက်) ညနေပိုင်းအချိန်က အမျိုးသမီးတစ်ဦးထံမှ
ပိုက်ဆံအိတ်လုယက်မှုဖြစ်ပွားခဲ့ပြီး ငွေ ၃ သိန်းကျော်နှင့်
အရေးကြီးစာရွက်စာတမ်းတချို့ လုယက်ခံခဲ့ရကြောင်း သိရသည်။
.
“အခုက ဘယ်သွားသွား
စိတ်မချရတော့ဘူး။ သတိအမြဲကပ်နေမှရတယ်။ တောင်ကြီးမှာ ဆိုတာ အရင်က ဒီလို ဒုစရိုက် မှုတွေ
သိပ်မကြားဖူးပါဘူး။ စစ်ကောင်စီ လက်ထက်မှ မကြားဖူးတာတွေ ကြားနေရတယ်” ဟု တောင်ကြီးဒေသခံ
တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့
ပေါ်တွင် နေ့စဉ်ခိုးယူမှုများ ဖြစ်ပေါ်နေပြီး ကား၊ ဆိုင်ကယ်၊ လက်ကိုင်တယ်လီဖုန်းနှင့်
အခြားရောင်းချ ရလွယ်ကူပြီး ငွေဖြစ်လွယ်သည့်ပစ္စည်းများ နေ့စဉ်ခိုးယူခံနေရကြောင်း ဒေသခံများက
ပြောသည်။
.
ပြီးခဲ့သည့် ဇွန်လ
၂၈ ရက်၊ ညအစောပိုင်းကလည်း တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ မြကန်သာပန်းခြံ
အနီးတွင် လူငယ် ၂ ဦးအား ဓါးဖြင့်ခုတ်ပြီး လုယက်မှု ဖြစ်ပွားခဲ့ဖူးသည်။
.
စစ်ကောင်စီ
အာဏာသိမ်းပြီး နောက်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ဖောက်ထွင်း ခိုးယူမှုများလည်း
မကြာခဏ ဖြစ်ပွား နေပြီး မော်တော်ဆိုင်ကယ် ခိုးယူခံရခြင်းများ နေ့စဉ်လို
ဖြစ်ပွားနေသော်လည်း ပစ္စည်း ပြန်လည် ရရှိခြင်း မရှိသလို ခိုးယူသူများကို
ဖမ်းဆီးရမိမှု မရှိကြောင်း သိရသည်။
.
#KBZTai #7July2022
.
Link –
.