လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို စစ်ကောင်စီ ဖွဲ့စည်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို စစ်ကောင်စီ ဖွဲ့စည်း


အာဏာသိမ်း စစ်ကောင်စီသည် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီကို ဖွဲ့စည်းထားကြောင်း သိရသည်။

.

ဥက္ကဌ အဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအဝင် အဖွဲ့ဝင် ၁၂ ဖြင့် ယင်းကော်မတီကို ဇွန်လ ၂ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။

.

အဆိုပါ ကော်မတီကို လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ စတင် ဖွံ့ဖြိုးလာစေရေး တင်သွင်း၊ ထုတ်လုပ်၊ အသုံးပြု ပြေးဆွဲရန်အတွက် လိုအပ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး ညွှန်ကြားခြင်း၊ လမ်းညွှန်ခြင်းနှင့် အတည်ပြု ထုတ်ပြန်နိုင်ရန်အတွက် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု စစ်ကောင်စီ၏ အမိန့်ကြော်ငြာစာ က ဆိုသည်။

.


ကော်မတီ အနေဖြင့် လျှပ်စစ်ယာဉ်များ အသုံးပြုလာနိုင်ရေးအတွက် ဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းနှင့်အတူ ဘဏ္ဍာငွေသုံးစွဲမှု၊ ဘဏ္ဍာငွေနှင့် မသက်ဆိုင်သည့် မက်လုံးပေးမှုနှင့် အခြားစီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ပံ့ပိုးပေးနိုင်ရေး လမ်းညွှန်ချက်များ ချမှတ်ခြင်း အပါအဝင် လုပ်ငန်းတာဝန် ၉ ချက်ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

.

အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ၏ မိန့်ခွန်းများတွင် လျှပ်စစ်ရထား ပြေးဆွဲမည့် အစီအစဉ်ကို မကြာခဏ ပြောဆိုမှုအပေါ် လျှပ်စစ်မီး ပုံမှန် မရရှိသည့် အခြေအနေနှင့် နှိုင်းယှဉ်၍ ပြည်သူများက လှောင်ပြောင် ဝေဖန်နေလျက် ရှိသည်။

Journal Download

Photo of three cats