ပင်းတယ ထွေအုပ်ရုံးကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့က ဗုံးပစ်တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယ ထွေအုပ်ရုံးကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့က ဗုံးပစ်တိုက်ခိုက်



ပင်းတယမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) က ယနေ့ဇူလိုင်လ ၂၆ ရက်တွင် ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

.

ယင်းကဲ့သို့ ဗုံးပစ် တိုက်ခိုက်ခဲ့သော်လည်း ပစ္စည်းအမှားအယွင်းကြောင့် ဗုံးပေါက်ကွဲခြင်း မရှိခဲ့ကြောင်း သိရသည်။ 

.

" ၎င်းထက် နှစ်ဆ ပြင်းသော ဗုံးဖြင့် ပြန်လာတိုက်ခိုက်သွားမည် ဖြစ်ပြီး ထွေအုပ် Non ဝန်ထမ်းများ (Non CDM) အနေဖြင့် ထိုနေရာမှ အမြန်ဆုံး ရှောင်ရှားကြရန် သတိပေးလိုက်သည်" ဟု JPGF က သတိပေးထားသည်။ 

.

ပင်းတယမြို့နယ်ရှိ စစ်ကောင်စီအလိုကျဆောင်ရွက်နေသော ထွေအုပ်ဝန်ထမ်းများနှင့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် ၁၅ ရက်အတွင်း နှုတ်ထွက်ကြရန်ကိုလည်း နောက်ဆုံးအကြိမ် သတိပေးကြောင်း JPGF က ဆိုသည်။

.

ထို့အတူ စစ်ကောင်စီအနေဖြင့် လုံခြုံရေးကို အပြည့်အဝ တာဝန်ယူပေးနိုင်မည် မဟုတ်ဘဲ CCTV များပါ အသက်ကို ကယ်ပေးနိုင်မည် မဟုတ်၍ သတိပေးကြေညာချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိသော အုပ်ချုပ်ရေးမှုများအား လုံးဝ (လုံးဝ) ခွင့်လွှတ်ပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

.

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်များအပါအဝင် ၎င်းတို့၏ ဆက်နွယ်သောနေရာ၊ ဌာနများ၊ ပျူစောထီးများနှင့် ၎င်းတို့၏ ဒေါက်တိုင်များနှင့် ပတ်သက်ဆက်သွယ်ခြင်း လုံးဝ မပြုလုပ်ကြရန် JPEG က မေတ္တာရပ်ခံထားသည်။

Journal Download

Photo of three cats