မူဆယ်မြို့၊ ဟိုဆောင်ရပ်ကွက်ရှိ စားသောက်ဆိုင် တစ်ခု၌ ယနေ့ ဇူလိုင်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် အမျိုးသား တစ်ဦးကို လက်နက်ကိုင် တစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
.
သေဆုံးသူမှာ တာစန်းကျေးရွာနေ အသက် ၃၃ နှစ်အရွယ် အမျိုးသား ဖြစ်ကာ ၎င်း၏ ရုပ်အလောင်းကို ဆေးရုံမှတဆင့် နေအိမ်သို့ သယ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သူအား ဖမ်းဆီးရမိခြင်း မရှိသေးဘဲ မည်သူ ဖြစ်သည်ကိုလည်း မသိရသေးပေ။