ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြောက်ဘက်အထွက်ရှိ မြောက်ကျောင်းကြီး စစ်ဆေးရေးဂိတ် ရဲကင်းအား ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်သည်။
.
JPGF တပ်ခွဲ(၆)မှ ဇွန်လ ၂၉ ရက်၊ နံနက် ၁၀ နာရီ ဝန်းကျင်တွင် "တော်ဝင်နဂါး" စစ်ဆင်ရေး အမည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာ ပြင်းထန် ရရှိပြီးနောက် ယခုတွင် သေဆုံးသွားပြီ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။