.
မြို့တော် တောင်ကြီးတွင်
ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ် ကျဆင်းလာသော်လည်း စားသောက်ကုန်
ဈေးနှုန်းများ ကျဆင်းခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
.အခြေခံ စားသောက်ကုန်များဖြစ်သည့်
ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြားမီးဖိုချောင်သုံး ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသည့်အတွက်
အခြေခံလူတန်းစားများအကြား ခက်ခဲနေဆဲဖြစ်ကြောင်းသိရသည်။
.
“ဓာတ်ဆီဈေး တက်တာနဲ့
စားသောက်ကုန်ဈေးနှုန်းက အမြဲတမ်းလိုက်တက်တာပေါ့။ အခုဓာတ်ဆီဈေးတွေကျတော့ ကုန်ဈေးနှုန်းက
လိုက်မကျလာဘူး။ မီးဖိုချောင်သုံးပစ္စည်းတွေက အကုန်ကို ဈေးတက်နေသေးတာ” ဟု အိမ်ထောင်ရှင်မ
တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့တွင်
မနောသုခဆန်တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်၊ ဆန်ကြမ်းတစ်အိတ်လျှင် ၃၂၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး
တစ်အိတ်လျှင် ၆၄၀၀၀ ကျပ်နှင့် စားအုန်းဆီ တစ်ပိသာလျှင် ၈၄၀၀ ကျပ် ရောင်းချနေကြောင်းသိရသည်။
.
“ပစ္စည်းတွေက အတက်ဈေးနဲ့
ဝယ်ထားရတော့ ဓာတ်ဆီစျေးကျသွားလည်း ချက်ချင်းဈေးလိုက်ချဖို့က မလွယ်ဘူးလေ။ ဓာတ်ဆီဈေးကလည်း
အမြဲတမ်းကျမယ်လို့လည်း ပြောလိုမှမရသေးတာဆိုတော့ အဆင်ပြေအောင်တော့ ထိန်းရောင်း ပေးနေပါတယ်”
ဟု ကုန်မျိုးစုံ လက်လီအရောင်းဆိုင်ရှင် တစ်ဦးကပြောသည်။
.
ပြီးခဲ့သည့်လပိုင်းက
တောင်ကြီးမြို့တွင် အောက်တိန်း 92 စက်သုံးဆီတစ်လီတာလျှင် ၂၅၀၀ ဝန်းကျင် အထိ ပေးဝယ်ခဲ့ရပြီး ယခုရက်ပိုင်းတွင်တစ်
လီတာ ၁၈၀၀ ကျပ်ဝန်းကျင်အထိ ကျဆင်းလာကြောင်း သိရသည်။
.