.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊
နယ်မြေ (၆) မဟာစည်လမ်းပေါ်တွင် ဇူလိုင်လ ၂၁ ရက်၊က ဆိုင်ကယ် မောင်းနှင်လာသူ အမျိုးသားတစ်ဦးအား
ဝိုင်းဝန်းရိုက်နှက်၍ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ဆိုင်ကယ် လုယက်ခံရသူ
အမျိုးသားသည် ကျောင်းကြီးစုရပ်ကွက်အတွင်း နေထိုင်သူဖြစ်ပြီး ဇူလိုင်လ ၂၁ ရက်၊ က နေအိမ်မှ
ထွက်လာစဉ် မဟာစည်လမ်းမပေါ်တွင် ရိုက်နှက်လုယက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
.
“အလုခံရတဲ့တစ်ယောက်က
ငါးရောင်းတဲ့ ဈေးသည်ပါ။ လမ်းပေါ် လူပြတ်တဲ့အချိန်မှာ အရှေ့၊ အနောက် ဝိုင်းရိုက်ပြီး
ဆိုင်ကယ်ကို လုသွားတာပေါ့။ နားရွက်မှာတော့ ဒဏ်ရာရသွားတယ်” ဟု လုယက်ခံရသူနှင့် နီးစပ်သူတစ်ဦးက
ပြောသည်။
.
မြို့တော်တောင်ကြီး
အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့ရွာဒေသ အသီးသီးတွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်
ဆိုင်ကယ်ခိုးယူမှု၊ လက်ကိုင်ဖုန်းခိုးယူမှုများ မကြာခဏဖြစ်ပွားနေပြီး လုယက်၊ ဓါးပြတိုက်မှုများလည်း
ဖြစ်ပွားလျက် ရှိသည်။
.