သထုံမြို့နယ်ရှိ ထုံးဘိုလေးရွာအား စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ လူနေအိမ် ၆၁ လုံး ပြာကျပျက်ဆီးကာ၊ ရွာသား ၃ ဦး သတ်ဖြတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သထုံမြို့နယ်ရှိ ထုံးဘိုလေးရွာအား စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ လူနေအိမ် ၆၁ လုံး ပြာကျပျက်ဆီးကာ၊ ရွာသား ၃ ဦး သတ်ဖြတ်ခံရ



အာဏာသိမ်းစစ်ကောင်စီတပ်များက KNU ထိန်းချုပ်နယ်မြေ ဖြစ်သည့် သထုံမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းရှိ ထုံးဘိုလေးကျေးရွာအား ဇွန်လ ၂၅ ရက်တွင် မီးတင်ရှို့ခဲ့ရာ လူနေအိမ် ၆၁ လုံး မီးလောင် ပြာကျခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းလည်း မီးရှို့ခံခဲ့ရသည်ဟု KNU က ထုတ်ပြန်ထားသည်။

.

ထို့အပြင် မီးလောင်ထားသော လူနေအိမ် ၃ လုံး၏ ပြာများ အတွင်း၌ ဒေသခံ ရွာသား ၃ ဦး၏ အရိုးအစအနများကို တွေ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ခံရခြင်း (သို့မဟုတ်) သတ်ပြီးမှ မီးရှို့ထားခြင်း ဖြစ်နိုင်သည်ဟု KNU က ဆိုသည်။

.




ယင်း သတ်ဖြတ်ခြင်းခံရသော ဒေသခံ ရွာသားများမှာ အသက် ၃၉ နှစ် အရွယ် မသန်စွမ်း စောဆာမူး၊ အသက် ၅၅ နှစ် အရွယ် စောမောင်လူပျိုနှင့် သက်တော် ၅၄ နှစ် အရွယ် ဦးပဇင်း တီးထို့ပဝီး တို့ ဖြစ်ပြီး ၎င်းတို့ ဆွေမျိုးသားချင်းများမှ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်မှာ ဇွန်လ ၂၅ ရက်နေ့ကတည်းက ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ စစ်ကောင်စီတပ်များသည် ဘီးလင်းမြို့နယ် အတွင်းမှ ဒေသခံ ပြည်သူ ၂၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခဲ့သည့် အပြင် ဒေသခံ ပြည်သူများ ပိုင်ဆိုင်သည့် တန်ဖိုးငွေကျပ် ၄၆ သိန်းကျော် တန်ဖိုးရှိ ပစ္စည်းများနှင့် ငွေသား ကျပ် ၃၄ သိန်းကျော်ကိုလည်း ခိုးယူ၊ စားသုံး၊ ဖျက်ဆီးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats