ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံး) ၌ ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ကျခံနေရသည့် အောင်ပန်းမြို့မှ ၉ ဦးကို ကလောမြို့နယ် တရားရုံးက ယမန်နေ့ ဇူလိုင်လ ၂၅ ရက်တွင် ၂ နှစ်စီ ထပ်တိုး အမိန့် ချမှတ်ခဲ့သည်ဟု သိရသည်။
.
" ခု ထပ်တိုး သဘာဝဘေး အမှုက တစ်နှစ်ကျော် ကြာမှ အမိန့်ချတာ။ တရားသူကြီးက အာဏာသိမ်းပြီးမှ ပြောင်းလာတာ၊ တပ် အမျိုးအနွယ်ပဲ။ ပြီးတော့ သူ့မှာ ဘာ ဖိအားပေးတဲ့သူမှ မရှိဘူး။ သူ သက်ညှာပေးလို့ ရတဲ့ ကိစ္စတွေက အစ စစ်ကောင်စီ အလိုကျ အမြင့်ဆုံးပြစ်ဒဏ်တွေ ချတယ်။" ဟု အောင်ပန်း ဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါ ထောင်ဒဏ်ချမှတ်ခံရသူ ၉ ဦးမှာ အောင်ပန်းမြို့ခံ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦးတို့ ဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရပြီးနောက် ယခုတွင် ပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ထပ်မံ ချမှတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း အောင်ပန်းမြို့မှ ထောင်ဒဏ် ကျခံနေရသည့် အမျိုးသမီး တစ်ဦးကိုလည်း ထပ်တိုး ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။