စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် မိုးဗြဲမှ စစ်ရှောင်ပြည်သူ တစ်ဦး သေဆုံးခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် မိုးဗြဲမှ စစ်ရှောင်ပြည်သူ တစ်ဦး သေဆုံးခဲ့ရ


စစ်ကောင်စီတပ်၏ ဖျက်အားပြင်း လက်နက်ကြီးများကြောင့် စစ်ဘေးရှောင် အရပ်သား ကျား ၁ ဦးနှင့် မ ၁ ဦး ထိခိုက်‌ဒဏ်ရာ ရရှိခဲ့ပြီး မ ၁ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရသည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ဇူလိုင်လ ၂၅ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

.

စစ်ကောင်စီတပ်သည် စစ်ကား ၂၁ စီး၊ အင်အား ၃၀၀ ဝန်းကျင်ဖြင့် ဇူလိုင်လ ၂၅ ရက်၊ နေ့လယ်ပိုင်းတွင် မိုးဗြဲမြို့တွင်းသို့ စတင်စစ်ကြောင်း ထိုးလာသဖြင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၁)၊ တပ်ရင်း(၂)၊ Loikaw PDF နှင့် URF အဖွဲ့တို့က ပူးပေါင်း ခုခံခဲ့ကြောင်း သိရသည်။

.

တိုက်ပွဲမှာ ၃ နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး အဆမတန် အသုံးပြုခဲ့ခြင်းကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည့်အပြင် စစ်ဘေးရှောင်များ ရှိရာ ဘုန်းတော်ကြီးကျောင်းအချို့တွင်လည်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဘက်မှ ရဲဘော် ၁ ဦး အသေးစား ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

.

စစ်ကောင်စီတပ်သည် လက်နက်ကြီး များစွာအသုံးပြုခဲ့ပြီး အရပ်သား စစ်ဘေးရှောင် နေရာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း‌ကြောင့် စစ်ဘေးရှောင် အရပ်သား ကျား ၁ ဦးနှင့် မ ၁ ဦး ထိခိုက်‌ ဒဏ်ရာ ရရှိခဲ့ပြီး မ ၁ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats