.
အာဏာသိမ်းစစ်ကောင်စီ၏
မန်တုံမြို့အခြေစိုက် ခလရ (၁၃၀) တပ်ရင်းမှ စစ်ဗိုလ်အဆင့်ရှိသူတစ်ဦး ယမန်နေ့
ဇူလိုင်လ ၁၉ ရက်၊ နေ့လယ်ပိုင်းက ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
.
.ယင်း စစ်ဗိုလ်သည်
ဘောတွင်းအနီးရှိ ဆည်ကြီးရေကန်၌ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ရေနစ်သေဆုံးနေသည်ကို
တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
.
အဆိုပါရေကန်သည်
ရေချိုး၊ ရေခပ်ရသည့် သောက်သုံးရေကန်မဟုတ်ဘဲ အလှပြုလုပ်ထားသည့် ရေကန်သာဖြစ်ပြီး
နတ်ကြီးသည်ဟုဆိုကာ ဒေသခံများပင် သွားလေ့သွားထမရှိသည့် ရေကန်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကွတ်ခိုင်နှင့် မန်တုံဒေသတစ်ဝိုက်တွင် လက်ရှိအချိန်၌ စစ်ကောင်စီတပ်နှင့် KIA
တို့ စစ်ရေးတင်းမာလျက်ရှိပြီး
စစ်ကောင်စီတပ်မှ အင်အားမကြာခဏဆိုသလို ဖြည့်တင်းကာ သွားလာလှုပ်ရှားနေကြောင်း သိရသည်။
.