.
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့်
အမျိုးသားညီညွတ်ရေးအစိုးရတို့ ကြီးမှူး၍ (၇၅) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို
ယနေ့ ဇူလိုင်လ ၁၉ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊
နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က
အောက်မေ့ဖွယ်စကားများ ပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ
ဦးအောင်ကြည်ညွန့်၊ ကရင်အမျိုးသားအစည်းအရုံး တွဲဘက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊
လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံအမတ်များအဖွဲ့ ဥက္ကဋ္ဌ Mr Charles Santigo၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ
(ICNCC) မှ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ကရင်နီအတိုင်ပင်ခံကောင်စီ
(KSCC) မှ ခူးထဲဘူး၊ မွန်ပြည်နယ်အတိုင်ပင်ခံ ကောင်စီ (MSCC)
မှ မိကွန်ချမ်းတို့က အောက်မေ့ဖွယ် အမှတ်တရစားများ ပြောကြားခဲ့ကြောင်း
သိရသည်။
.
ထို့နောက် နံနက်
၁၀ နာရီ ၃၇ မိနစ်တွင် အလေးပြုခြင်းအစီအစဉ်ကို ပြုလုပ်ပြီဂ ကျဆုံး အာဇာနည်ခေါင်းဆောင်များ
အား ငြိမ်သက်အလေးပြုခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(CEC) ဒေါက်တာမေဝင်းမြင့်၊
ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဦးလမာနော်အောင်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ
ဦးရောဘတ်ညေးရယ်တို့က အောက်မေ့ဖွယ် အမှတ်တရ စကားများ
အသီးသီးဆက်လက်ပြောကြားခဲ့ကြပြီး
အာဇာနည်ကြီးများ၏ သမိုင်းမှတ်တမ်းဗီဒီယိုကို ပြသခဲ့ကြောင်း သိရသည်။
.
#KBZTai #19July2022
.
Link –
.