တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ မီးသတ်ရုံးဝင်း မြေထိန်းကျောက်နံရံ ပြိုလဲကျတော့မည့်အခြေအနေ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ မီးသတ်ရုံးဝင်း မြေထိန်းကျောက်နံရံ ပြိုလဲကျတော့မည့်အခြေအနေ ဖြစ်ပေါ်နေ

.

တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မေတ္တာရှင်ဆေးရုံအနီး၊ မေတ္တာရှင်လမ်းပေါ်ရှိ မီးသတ်ဦးစီးဌာန အဖွဲ့ခွဲရုံးဝင်း အား ကာရံထားသော မြေထိန်းကျောက်နံရံမှာ ပြိုကျတော့မည်အခြေအနေ ဖြစ်ပေါ်နေပြီး လမ်းသွားလမ်းလာများနှင့် အနီးဝန်းကျင်တွင် နေထိုင်သူများအတွက် စိုးရိမ်နေရကြောင်း ဒေသခံများထံက သိရသည်။

.

.

“မေတ္တာရှင်ဆေးရုံဘေးက မီးသတ်ရုံးဝင်း မြေထိန်းကျောက်နံရံပါ။ ဒီလောက် ပြိုကျလုဆဲဆဲ ဖြစ်နေတာတောင်မှ သေသေချာချာ ဘာမှမစီစဉ်ထားဘဲနဲ့ အဖြစ် တုတ်ကလေးတွေထောက်ထားတော့ စိုးရိမ်ရတာပေါ့။ လမ်းကို ပိတ်ထားတယ် ဆိုပေမဲ့ သွားလာနေကြတုန်းပါပဲ။ နောက်ပြီး အဲဒီအောက်ဘက်မှာ နေတဲ့ နေအိမ်တွေလည်း အများကြီးရှိနေတော့ စိုးရိမ်ရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

.

အဆိုပါ ပြိုကျလုဆဲဆဲ မီးသတ်ရုံး မြေထိန်းကျောက်နံရံသည် အရှည် ၁၉၅ ပေရှိပြီး အမြင့်ဆုံးနေရာတွင် ၁၅ ပေခန့် အမြင့် ရှိနိုင်ကာ လက်ရှိတွင် သစ်သားတန်းများဖြင့် ထောက်ထားပြီး အချိန်မရွေး လမ်းပေါ်သို့ ပြိုကျနိုင်ကြောင်း သိရသည်။

.

ကံသာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ယင်းလမ်းအား အန္တရာယ်ရှိကြောင်း သတိပေးစာကပ်၍ လမ်းတစ်ခြမ်းကို ဝါးကပ် များဖြင့် ကာရံထားသော်လည်း ဖြတ်သန်းသွားလာသူများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

.

#KBZTai #22July2022

.

Link –

.

Journal Download

Photo of three cats