ယင်းမာပင်မြို့နယ် မြောက်ခြမ်းရှိ ကျေးရွာ တစ်ရွာ၌ ဒေသခံ ပြည်သူများသည် ယနေ့ ဇူလိုင်လ ၃၁ ရက်၊ နံနက်ပိုင်းတွင် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပြုလုပ်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ဆန္ဒပြ ပြည်သူများသည် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားရင်း ကျဆုံးခဲ့ရသူများအတွက် ဆုတောင်းခြင်းများ ပြု၍ သစ္စာအဓိဋ္ဌာန် ၃ ချက်ကို ကတိသစ္စာ ပြုကာ ကျဆုံးသူများ ကိုယ်စား ရဲရဲရင့်ရင့်ဖြင့် ဆက်လက် တိုက်ပွဲဝင်မည့် အဓိပ္ပါယ်ဖြင့် အနီရောင်ပါ အဝတ်စားများ ဝတ်ဆင်ကာ စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
.
အဆိုပါ ဆန္ဒပြ ပြည်သူများနှင့်အတူ ယင်းမာပင်ဆားလင်းကြီး သပိတ်ကော်မတီဝင်များလည်း ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။