ရှမ်းတောင်မှ သယ်သည့် ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများကို ရမည်းသင်းတွင် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်မှ သယ်သည့် ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများကို ရမည်းသင်းတွင် ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်းမှ သယ်ဆောင်သွားသည့် ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများကို ရမည်းသင်းတွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

.

မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရမည်းသင်း-ရွှေမြင်တင်သွားကားလမ်း၊ သင်ပန်းကုန်းလမ်းဆုံတွင် ရွှေမြင်တင်မှ ရမည်းသင်းဘက်သို့ အောင်မျိုးထက် (ခ) ငယ်ငယ် မောင်းနှင်ပြီး ရာဇာစိုး (ခ) စိုးငယ် လိုက်ပါလာသည့် DYNA မော်တော်ယာဉ်အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များကဇူလိုင်လ ၂၀ ရက်၊ နံနက် ၁ နာရီခွဲတွင် စစ်ဆေးစဉ် ဘိန်းဖြူ ၇၇ ဒသမ ၅ ကီလိုကို တွေ့ရှိ၍ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.


ထို့အပြင် ဘိန်းဖြူများကို တာဝန်ခံ သယ်ဆောင်သူများ ဖြစ်သည့် ဇော်ဦး၊ ခွန်ထွန်းလင်း နှင့်အတူ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်း ပါဝင်သူများ ဖြစ်သည့် မောင်ငြိမ်း၊ ကိုလေး (ခ) သန့်ဇော်ထွန်း၊ အိုက်အွမ်၊ သိန်းလင်းမောင် (ခ) ဒိုဇာ၊ ထွန်းထွန်းဦး (ခ) ကြီးဘ၊ ကျော်သူ တို့ ၈ ဦးအား ဘိန်းဖြူ ၀ ဒသမ ၀၂ ကီလို၊ မော်တော်ယာဉ် ၃ စီးတို့နှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

.

အဆိုပါ သိမ်းဆည်းရမိ ဘိန်းဖြူများကိုရှမ်းပြည်နယ် တောင်ပိုင်းမှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၊ ရဲတပ်ဖွဲ့၏ CCDAC က ထုတ်ပြန်ထားသော်လည်း စစ်ဆေးရေးဂိတ် များစွာကို မည်သို့ ဖြတ်ကျော်လာသည်ကိုမူ ထုတ်ပြန်မထားပေ။

Journal Download

Photo of three cats