.
တောင်ကြီးမြို့ပေါ်ရှိ
အိမ်သုံးဆေးဝါး ဖြန့်ဖြူးရောင်းချသည့် ဆိုင်ကြီးများတွင် ယခုရက်ပိုင်းအတွင်း ဆေးဝါးများကို
အကန့်အသတ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
.
.မြန်မာနိုင်ငံတစ်ဝှမ်း
မြို့ကြီးများတွင် အိမ်သုံးဆေးဝါးများ ဝယ်ယူရ ခက်ခဲလာနေခြင်းကြောင့် ယခုကဲ့သို့ အကန့်အသတ်ဖြင့်
ရောင်းချခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
“အခုက အိမ်သုံးဆေးတောင်
ဝယ်ရခက်လာတာပေါ့။ ပါရာစီတမောနဲ့ ဒီကိုဂျင်တောင်မှ ဝယ်ရတာ အကန့်အသတ်နဲ့ ဖြစ်လာတယ်။ မဖြစ်မနေ
လိုအပ်တဲ့ဆေးတွေ ဝယ်ရခက်ရင် သက်ကြီးရွယ်အိုတွေအတွက် အတော်ကြီး ဒုက္ခများ နိုင်တယ်”
တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ အိမ်သုံးဆေးဝါးများကို
အကန့်အသတ်ဖြင့် ဝယ်ယူနေရသည့်အပြင် ဈေးနှုန်းများလည်း မြင့်တက်လာနေ ကြောင်း၊ ယခင်
ပါရာစီတမော ဆယ်လုံးပါတစ်ကတ်လျှင် ၅၀၀ ကျပ်ခန့်သာရှိရာမှ ယခုအခါ ၁၀၀၀ ကျပ်ဝန်းကျင် ပေးဝယ်နေရကြောင်း
ဒေသခံများက ပြောဆိုကြသည်။
.
အိမ်သုံးဆေးဝါးများကို
ပြည်ပနိုင်ငံများမှ အဓိက ဝယ်ယူတင်သွင်းနေရခြင်းဖြစ်ပြီး ယခုအခါ ဒေါ်လာဈေး တက်လာမှု
နှင့် ပြည်ပမှ ဆေးအဝင် နည်းပါးလာမှုကြောင့် ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီအချို့ ပစ္စည်းပြတ်ပြီး
အရောင်းပိတ်ထား ရကြောင်း သိရသည်။
.
#KBZTai #21July2022
.
Link –
.