.
ရန်ကုန်တွင် ယနေ့ ဇူလိုင်လ
၁၀ ရက်က စစ်တပ်လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ “ဖိလေကြွလေ ရန်ကုန်မြေ” ကြွေးကြော်သံဖြင့်
စစ်အာဏာရှင် ကျဆုံးရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
.စစ်အာဏာရှင်ဆန့်ကျင်ရေး
ဆန္ဒပြပွဲကို စမ်းချောင်းပင်မပိတ်စစ်ကြောင်း (Sc Strike) မှ ဦးဆောင်ကာ သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစု၊ ရေဘဝဲ
(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ Labour Alliance အဖွဲ့ဝင်
(CTUM)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ ဗဟို)၊
Revolution Force (RF)၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု
(AJAY) တို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
.