.
ဖယ်ခုံမြို့နယ်၊ လွယ်မကူးရွာတောင်နှင့်
လွယ်ဟယ်ကျေးရွာများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား ၇ ဦးအား ရှင်းလင်းနိုင်ခဲ့ကြောင်း
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၁ ရက်၊ နံနက်ပိုင်းတွင် ထုတ်ပြန်
ကြေညာထားသည်။
.
.
ဖယ်ခုံမြို့နယ်၊ လွယ်မကူးတောင်ကုန်းပေါ်တွင်
တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ဇွန်လ ၂၃ ရက်က အထူးစစ်ဆင်ရေး Sniper အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ
စစ်သား ၂ ဦး သေဆုံးခဲ့ပြီး လွယ်ဟယ်ကျေးရွာတွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်သားများအား
ဇွန်လ ၂၉ ရက်တွင် အထူးစစ်ဆင်ရေးအဖွဲ့နှင့် Fighter အဖွဲ့တို့မှ
ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးကို Sniper အဖွဲ့က
လည်းကောင်း၊ ၃ ဦးကို Fighter အဖွဲ့ကလည်းကောင်း တိုက်ခိုက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့အနေဖြင့်
ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် လက်တွဲကာ စစ်အာဏာရှင်များ အမြစ်ပြတ်သည်အထိ
တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် စစ်ဆင်ရေးအခြေအနေများကြောင့် တိုက်ပွဲသတင်းများအား
အချိန်နှင့်တပြေးညီ မထုတ်ပြန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
.
[ Source/Photo | အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့]
.