.
စစ်ဘေးရှောင်ကလေးများအား
ပညာသင်ကြားပေးနိုင်ရန်အတွက် တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသား များ သမဂ္ဂမှ ဆရာ၊
ဆရာမများအား ခေါ်ယူလျက်ရှိကြောင်း သိရသည်။
.
.လွတ်မြောက်နယ်မြေတွင်
စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနိုင်ရေးအတွက်၊ ကျောင်းများဖွင့်လှစ်ထားနိုင်ပြီ ဖြစ်ရာ
ထိုစာသင်ကျောင်းများတွင် ကလေးများအားပညာသင်ကြားပေးနိုင်ရန် ဆရာ၊ဆရာမအင်အား အဆမတန် လိုအပ်လျက်ရှိကြောင်း
တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။
.
အဆိုပါ စာသင်ကျောင်းများတွင်
စစ်ဘေးရှောင်ကလေးများအား ပညာသင်ကြားပေးနိုင်သော ဆရာ၊ ဆရာမများ (သို့မဟုတ်)
သင်ကြားရေးကိုစိတ်ဝင်စားပြီး ကလေးများအားပညာသင်ကြားပေးနိုင်သော မည်သူမဆို၊
စစ်ဘေးရှောင် ကလေးများအပေါ် အမှန်တစ်ကယ်စေတနာထားပြီး ပညာသင်ကြားပေးနိုင်သော
သူများအနေဖြင့် တောင်ကြီး ပညာရေးဒီဂရီကောလိပ် ကျောင်သားများသမဂ္ဂသို့ ဆက်သွယ်၍ ပညာသင်ပေးကြပါရန်
မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ယင်းကဲ့သို့ လာရောက်ပညာသင်ကြားပေးမည့်
ဆရာ၊ ဆရာမများ၏ စားဝတ်နေရေး လုံခြုံရေးများကို အပြည့်အဝ တာဝန်ယူသွားမည်ဖြစ်ပြီး စစ်ဘေးရှောင်ကလေးများအား
ပညာသင်ကြားပေးရန်အတွက် စိတ်ဝင်စားသူများ အနေဖြင့် တောင်ကြီးပညာရေးဒီဂရီကောလိပ်
ကျောင်းသားများသမဂ္ဂ Page messenger တွင်လာရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။
.
#KBZTai #6July2022
.
Link –
.