ညောင်ရွှေတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

.

ညောင်ရွှေမြို့တွင် ယနေ့ ဇူလိုင်လ ၂၁ ရက်၊ နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ ကြောင်း သိရသည်။

.

.

ညောင်ရွှေမြို့၊ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်တာသည် ယနေ့ ဇူလိုင်လ ၂၁ ရက်၊ နံနက်ပိုင်းက နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် နန္ဒဝန်ရပ်ကွက်၊ ဦးဖုန်းကြွယ်ဘုရားအနီးတွင် ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

.

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် သေနတ်သမားများထွက်သွားသည်ဟု ယူဆရသော အင်းလေးဟိုတယ်ဇုန်၊ အင်ကြင်းကုန်းရွာအနီးရှိ ကားလမ်းမနှင့် ရေဦးရွာတို့၌ စစ်ကောင်စီတပ်နှင့် ရဲများက ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

.

ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီဘက်တို့မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးချေ။

.

Journal Download

Photo of three cats