.
.
တာချီလိတ်မြို့နယ်၊
ဖန်မင်ကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာတွင် ယနေ့ ဇူလိုင်လ ၂ ရက်၊ နံနက်အစောပိုင်းက လျှပ်စစ်
ရေနွေးအိုးဖြင့် ရေနွေးတည်ရာမှ အပူလွန်ကဲ၍ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
မီးမှာ နံနက် ၁ နာရီခွဲခန့်တွင်
စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၂ နာရီ ၁၀ မိနစ်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ကာ
မီးလောင်မှုကြောင့် လူထိခိုက်မှု မရှိဘဲ အုတ်ခံပျဉ်ထောင် ၂ ထပ် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း
သိရသည်။
.
Photo – Myanmar Fire
Services Department