.
ရန်ကုန်မြို့၊
အာဇာနည်ကုန်းတွင် ယနေ့ ကျင်းပသည့် ၇၅ နှစ်မြောက် အာဇာ နည်နေ့ အလေးပြုအခမ်းအနားသို့
ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ ဒုစစ်ခေါင်းဆောင် စိုးဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.ယမန်နှစ် ၂၀၂၁
ခုနှစ် ၇၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို
မမြင်တွေ့ခဲ့ရဘဲ ယမန်နှစ်က
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က လုံးဝ ဖိတ်ကြားခဲ့ခြင်းမရှိဟု သိရသည်။
.
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊
ဖေဖော်ဝါရီလ ၁ ရက် စစ်ကောင်စီအာဏာသိမ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို
ဖမ်းဆီးပြီးကတည်းက အာဇာနည်နေ့အခမ်းအနားများကို တက်ရောက်ခွင့် မပြုခဲ့ခြင်းဖြစ်ပြီး
ယခုနှစ်တွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။
.
ထို့အတူ အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအရင်းဖြစ်သူ ဦးဘဝင်း၏ မိသားစုဝင်များလည်း ယနေ့ ကျင်းပသည့်
အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ခြင်းမရှိခဲ့ဘဲ ကိုယ်စားလှယ်တစ်ဦးသာ တက်ရောက် ခဲ့သည်ဟု
သိရသည်။
.