ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၌ ယနေ့ ဇူလိုင်လ ၁၈ ရက်၊ နံနက် အစောပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် နေအိမ်အချို့ မီးလောင် ပျက်ဆီးခဲ့ကြောင်း သိရသည်။
.
" မြို့အတွင်းတွင် ရှိသော ပြည်သူလူထုများ အနေဖြင့် အတတ်နိုင်ဆုံး ရှောင်နေပေးရန် နှင့် မြို့တွင်းသွားလာခြင်းများ မပြုလုပ်ကြရန် သတိပေးအပ်ပါသည်။" ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က သတိပေးထားသည်။
.
ထို့အတူ မိုးဗြဲမြို့တွင် လက်နက်ကြီး/ငယ် ပစ်ခတ်သံများ ကြားနေရသောကြောင့် ပြည်သူများ မလိုအပ်ဘဲ အိမ်ထဲမှအပြင် မထွက်ကြရန်နှင့် ထိမှန် ဒဏ်ရာရရှိပါက ဆက်သွယ်ပေးရန် Mobye Rescue Team က မေတ္တာရပ်ခံထားသည်။