ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာ တောင်ကြောပေါ်၌ စစ်ကောင်စီတပ်က စာခြောက်ရုပ်များ ပြုလုပ်၍ ကင်းချထားဟန် ပြုလုပ်ထားကြောင်း သိရသည်။
.
ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) က ဇူလိုင်လ ၁၄ ရက်တွင် နယ်မြေရှင်းလင်းစဥ် ယင်းကဲ့သို့ တွေ့ရှိရခြင်း ဖြစ်သည်ဟု ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
စစ်ကောင်စီတပ်သည် နန်းပေါ်လုံ၊ လွယ်ပေါနှင့် လွယ်မကူး တောင်ပေါ်တို့တွင် လက်ရှိအချိန်ထိ တပ်စွဲထားသော်လည်း စာခြောက်ရုပ် စစ်သားများကို ကင်းချထားပြီး လွယ်ပေါစျေးရှိ ပြည်သူပိုင် ဆိုင်ခန်းများကို ဖောက်ထွင်းဖျက်စီးထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။