.
ရုပ်ရှင်နှင့် ဗွီဒီယို
သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေးရုပ်သံမှတ်တမ်း ရိုက်ကူးပြီး
အပြန်တွင် စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
.
.သရုပ်ဆောင်
သင်ဇာဝင့်ကျော်၊ ၎င်း၏ချစ်သူနှင့် ၎င်း၏ မိတ်ကပ်ဆရာတို့မှာ လေယာဉ်စီးရန်အတွက် ရှမ်းပြည်
တိုးတက်ရေးပါတီ (SSPP) ဌာနချုပ်မှ
လားရှိုးမြို့သို့အသွား၊ ဇူလိုင်လ ၆ ရက်၊ နံနက် ၁၁ နာရီခန့်က ဖမ်းဆီးခံရခြင်းဖြစ်ပြီး
ဖမ်းဆီးခံရသည့် နေရာမှာ မိုင်းရယ်နှင့် ကျေးသီမြို့နယ်အကြားရှိ ခိုတောင်းတံတားတွင်
ဖြစ်ကြောင်း သိရသည်။
.
သရုပ်ဆောင်သင်ဇာဝင့်ကျော်သည်
ဇူလိုင်လ ၃ ရက်က SSPP ဌာနချုပ်
ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေး မှတ်တမ်းများ ရိုက်ကူးခဲ့ပြီး အကြီးအကဲတစ်ဦး၏ သမီးဖြစ်သူ
မင်္ဂလာပွဲသို့ တက်ရောက်ခဲ့ကြောင်း SSPP ဘက်က ထုတ်ပြန်ထားသည်။
.
စစ်လော်ဘီ
ဟန်ငြိမ်းဦး၏ တယ်လီဂရမ်ချန်နယ်အကောင့်၌ သင်ဇာဝင့်ကျော်၏ အနုပညာလှုပ်ရှားမှုအပေါ်
ဝေဖန်အပြစ်တင်ခဲ့သည့် Post များတက်လာခဲ့ပြီးနောက်
၎င်း ဖမ်းဆီးခံရကြောင်း သတင်း ပြန့်နှံ့လာခဲ့ခြင်း ဖြစ်သည်။
.
#KBZTai #6July2022
.
Link –
.