.
ဓနုကိုယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်းတယမြို့နယ်ရှိ မြို့မရဲစခန်းဟောင်း ယမန်နေ့ ဇူလိုင်လ ၁၁ ရက်၊ ညနေပိုင်းက ပစ်ခတ်ခံခဲ့ရကြောင်း
သိရသည်။
.
ပင်းတယမြို့၊
ရွာသစ်ရပ်ကွက်၊ မြို့တွင်းလမ်းမကြီးဘေး၌ တည်ရှိသည့် မြို့မရဲစခန်းဟောင်းအား
ဇူလိုင်လ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်က အမည်မသိ အဖွဲ့တစ်ခုမှ
သေနတ်ဖြင့်လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
.
ပစ်ခတ်သံများကြားရပြီးနောက်
ဆိုင်ကယ်များ မောင်းထွက်သွားသည်ကို တွေ့ရပြီး ရဲစခန်းဝင်းအတွင်း၌လည်း သေနတ်သံ ၃ ချက်ခန့်
ထွက်ပေါ်လာခဲ့ကြောင်းနှင့် ရဲစခန်းအတွင်း ထိခိုက်ဒဏ်ရာရရှိမှု ရှိ/မရှိ မသိရသေးသော်လည်း
လမ်းသွားလမ်းလာ ပြည်သူများအား ထိခိုက်မှုမရှိကြောင်း ဒေသခံများထံက သိရသည်။
.
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်
စစ်ကောင်စီတပ်နှင့် ရဲများက မြို့ဝင်မြို့ထွက်ဂိတ်များကို ပိတ်ဆို့စစ်ဆေးခဲ့ပြီး မြို့တွင်း၌
လည်း တင်းကြပ်စွာ စစ်ဆေးခဲ့ကြောင်း သိရသည်။
.
အလားတူ ဇူလိုင်လ
၁၀ ရက်၊ နေ့လယ်ပိုင်းကလည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း
လိုက်ပါလာသည့် ယာဉ်တန်းသည် ရွာငံနှင့် ပင်းတယကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးကြောင်း
သိရသည်။
.