.
လွိုင်ကော်-မော်ချီးလမ်းမကြီးအား
တစ်ပတ်လျှင် ၃ ရက်သာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း ကရင်နီ ပြည်နယ်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက
ယမန်နေ့ ဇူလိုင်လ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။
.
.ထုတ်ပြန်ချက်တွင် လွိုင်ကော်-မောချီးလမ်းမကြီးအား
တစ်ပတ်လျှင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ၃ ရက်သာ ဖြတ်သန်း သွားလာရန်၊ ပြည်ပခရီးသွားများအား
သယ်ဆောင်ခြင်းမပြုရန်၊ ဘိလပ်မြေသယ်ဆောင်လာသော ကားများအား အမှတ် (၂) ခရိုင် ထောက်ခံစာပါမှသာ
သွားလာခွင့်ပြုရန်၊ ဆန် ၁၀ အိတ်ထက် ပိုမိုသယ်ဆောင်ခြင်းမပြုရန်နှင့် ကန့်သတ်ထားသော
ကုန်များသယ်ဆောင်ခြင်းမပြုရန်တို့ကို တားမြစ်ထားပြီး လိုက်နာခြင်းမရှိပါက အရေးယူခြင်း
ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
.
ထို့ကြောင့် ခရီးသွားယာဉ်မောင်းများအနေဖြင့်
လမ်းဖွင့်ထားသည့် ၃ ရက်အတွင်းသာ သွားလာကြရန် မေတ္တာ ရပ်ခံကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
ကရင်နီပြည်နယ်အစိုးရ၊
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီးမော့ဆိုမြိုနယ်အုပ်ချုပ်ရေးမှူးနှင့် KNDF တပ်ရင်း - ၉ ၊ ၁၀ တို့၏
အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါ စည်းကမ်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.