.
ရန်ကုန်-မန္တလေး
အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၂) မိုင်အနီးတွင် ယနေ့ ဇူလိုင်လ ၁၀ ရက်၊ နံနက်
၆ နာရီခွဲခန့် က ခရီးသည်တင်ယာဉ်တစ်စီး တံတားဘေး ချောင်းအတွင်းသို့ ထိုးကျပြီး လူတစ်ဦး
သေဆုံးခဲ့ကြောင်း သိရသည်။
.
.အဆိုပါ ယာဉ်မတော်တဆမှုကြောင့်
ယာဉ်ပေါ်ပါသူ ၁၁ ဦးအနက် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး
တစ်ဦးတွင် မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိကာ ပဲခူးပြည်သူ့ဆေးရုံသို့
ပို့ဆောင်ပေးထားကြောင်း သိရသည်။
.
ယာဉ်ထိုးကျမှု
ဖြစ်ပွားရာနေရာသို့ ဘောနတ်ကြီးအမြန်လမ်း မီးသတ်စခန်း၊ ဘောနီအမြန်လမ်းမီးသတ်စခန်း၊
ဘုရားကြီးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘုရားကြီးအရန်မီးသတ်စခန်းတို့မှ
အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်ဟု
မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
.
Photo – MFSD
.
#KBZTai #10July2022
.
Link –
.