တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းပေါ် ရပ်ထားသည့်ဆိုင်ကယ် ခိုးယူခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းပေါ် ရပ်ထားသည့်ဆိုင်ကယ် ခိုးယူခံရ

.

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းပေါ်ရှိ ရွှေအင်းလေးဆေးခန်းရှေ့တွင်ရပ်ထားသည့် မော်တော်ဆိုင်ကယ် တစ်စီး ယနေ့ ဇူလိုင်လ ၉ ရက်၊ နံနက်ပိုင်းက ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ခိုးယူခံရသည့်ဆိုင်ကယ်မှာ Honda Wave 100 အမျိုးအစား၊ အဖြူ/အနက်ရောင်ဖြစ်ပြီး ဆေးခန်းလာပြသည့် အချိန်တွင် ခိုးယူခံရခြင်းဖြစ်ကြောင်းနှင့် ခိုးယူသွားသူများမှာ လူငယ်ပိုင်းများဖြစ်ကြောင်းသိရသည်။

.

“ဆိုင်ကယ်ခိုးတဲ့လူတွေက အုပ်စုဖွဲ့ပြီး လုပ်တဲ့ပုံစံမျိုးပေါ့။ အခြေအနေကို စောင့်ကြည့်တဲ့လူက သပ်သပ်နဲ့ သူတို့ခြင်း အချက်ပေးတာနဲ့ ခိုးတဲ့လူက သပ်သပ်ပေါ့။ အခုက ဇက်သော့နဲ့တောင် စိတ်မချရတော့ဘူး။ ဘီးမှာ ကြိုးသော့နဲ့ ထပ်ခတ်ထားမှ နည်းနည်းစိတ်ချရတာ” ဟုဆိုင်ကယ်ခိုးယူခြင်းခံရဖူးသည့် အမျိုးသားတစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့ပေါ်တွင် ဆိုင်ကယ်ခိုးယူမှုများ နေ့စဉ်လို ဖြစ်ပွားပြီး လွန်ခဲ့သည့်တစ်ပတ်အတွင်း ကျောင်းကြီးစုရပ်ကွက် အတွင်းမှ ဆိုင်ကယ် ၂ စီး ခိုးယူခံခဲ့ရကြောင်း သိရသည်။

.

“ကျွန်တော့်ဆိုင်ကယ်ဆို ခိုးသွားပြီးတာနဲ့ ကာဗာတွေ နည်းနည်းပြောင်းလိုက်ကြတယ်။ ကိုယ့်ဆိုင်ကယ်ကို မှတ်မိနေတော့ နောက်ကလိုက်သွားပြီး ဟဲဟိုးမှာ သူတို့ဆီဝင်ထည့်တဲ့အချိန်မှ ပတ်ဝန်းကျင် အကူအညီတောင်းပြီး ဖမ်းလိုက်လို့ ဆိုင်ကယ်ပြန်ရခဲ့တယ်” ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

.

တောင်ကြီးမြို့ပေါ်တွင် မော်တော်ဆိုင်ကယ်အပြင် မော်တော်ကားများပါ ခိုးယူခံရမှုများ ဖြစ်ပွားနေပြီး ရဲစခန်း အတွင်းရပ်ထားသည့် ဆိုင်ကယ်ပါ ခိုးယူခံရသည့်အတွက် မြို့တော်လုံခြုံရေးမှာ စိုးရိမ်စရာကောင်းနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

Journal Download

Photo of three cats